• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-မြောက်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံခြင်းသည် နှစ်နိုင်ငံ ဆက်ဆံမှုနှင့် ကိုးရီးယားကျွန်းဆွယ် အခြေအနေအတွက် အရေးကြီးဟု လူခမ်း ဆို

(GMT+08:00) 2018-03-29 09:10:18

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ မြောက်ကိုးရီးယား ထိပ်သီး ခေါင်းဆောင် ကင်ဂျုံအန်၏ ပထမဆုံး အကြိမ် တရုတ်ပြည် ခရီးစဉ်နှင့် တရုတ်- မြောက်ကိုးရီးယား ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းတို့သည် တရုတ်နှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံတို့ နှစ်ပါတီနှင့် နှစ်နိုင်ငံ ဆက်ဆံမှုအပေါ် လွန်စွာ အလေးထားခြင်းကို ပြသနေကြောင်း၊ နှစ်နိုင်ငံမှ ထိပ်သီး ခေါင်းဆောင်များသည် နှစ်ဖက် ဆက်ဆံမှုနှင့် အတူတကွ အလေးထားကြသော ကိစ္စရပ်များကို ဆွေးနွေးပြီး ကိုးရီးယား ကျွန်းဆွယ် အခြေအနေ အတွက် အရေးကြီးပါကြောင်း ယခုလ ၂၈ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio