• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်တပ်သိပညာရှင်များအဖွဲ့သည် တရုတ်-အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ ပြင်းထန်သော အခြေအနေဖြေရှင်းရန် အကြံပေးချက် ၁၀ ခု တင်သွင်း

(GMT+08:00) 2018-03-28 14:50:22

ယခုအချိန်ပိုင်းတွင် တရုတ်-အမေရိကန်ကုန်သွယ်ရေးအထစ်အငေါပိုမိုဆိုးရွားခြင်း အပေါ် တရုတ်တပ်သိပညာရှင်များအဖွဲ့ဖြစ်သည့်တရုတ်နှင့်ဂလိုဘယ်လိုက်ဇေးရှင်းစင်တာCCGသည် တရုတ်-အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ ပြင်းထန်သော အခြေအနေဖြေရှင်းရန်နှင့်နှစ်ဦးနှစ်ဘက်တည်ငြိမ်သောအခြေအနေကို ထိမ်းသိမ်းပေရန်အတွက် အကြံပေးချက် ၁၀ ခု တင်သွင်းခဲ့ကြောင်း၊ ယင်း အကြံပေးချက်များတွင် တရုတ်-အမေရိကန်အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံရေးရံပုံငွေ တည်ထောင်ခြင်းနှင့်တရုတ်-အမေရိကန် နိုင်ငံဖြတ်ကျော် အွန်လိုင်းစီးပွါးကုန်သွယ်ရေး သဘောတူညီမှုကို ရရှိနိုင်ရန် တက်ကြွစွာတွန်းအားပေးခြင်းစသည်တို့ပါဝင်ကြောင်း သိရပါသည်။

   Webradio