• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွင် အောင်ကျိုးရလဒ် များစွာ ရရှိ

(GMT+08:00) 2018-03-28 13:47:48

        ဖိလစ်ပိုင်းအစိုးရ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို တစ်နှစ်ကျော်ကြာ ဆောင်ရွက်ပြီးနောက် အောင်ကျိုးရလဒ် များစွာ ရရှိနေပြီဖြစ်ကြောင်း ယခုလ ၂၇ ရက်နေ့က ဖိလစ်ပိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဌာနက ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ၂၀၁၆ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှနေ ၂၀၁၈ခုနှစ် မတ်လ ၂၀ ရက်နေ့အထိ ဖိလစ်ပိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနများသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ရွက်မှု အကြိမ်ပေါင်း ၉၁၀၀၀ ကျော် ပြုလုပ်ပြီး မူးယစ်ဆေးဝါးဆိုင်ရာ သံသယရှိသူ ၁၂၃၀၀၀ ကျော် ဖမ်းဆီးကာ ၄င်းအနက် အစိုးရဝန်ထမ်း ၄၆၉ ယောက် ပါဝင်ကြောင်း၊ ဖိလစ်ပိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

   Webradio