• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နှစ်ဖက်စီးပွားကုန်သွယ်ရေး တဆင့်တိုး ဖွံ့ဖြိုးတိုးတက်ဖို့ ပလက်ဖေါင်းသစ်ဖန်တီးရန် တရုတ်-မြန်မာဆွေးနွေး

(GMT+08:00) 2018-03-28 12:23:01

တရုတ်-မြန်မာနှစ်နိုင်ငံ စက်မှုကုန်သွယ်ရေးလောကမှ လုပ်ငန်းရှင်နှင့် အစိုးရအရာရှိ များသည် ယခုလ ၂၆ ရက်နေ့က မြန်မာနိုင်ငံ၏ စီးပွားရေးဗဟိုအချက်အချာနေရာဖြစ်သည့် ရန်ကုန်မြို့၌ စုစည်းပြီး နှစ်ဖက်စီးပွားကုန်သွယ်ရေး မည်သို့ တဆင့်တိုး တွန်းအားပေးရေး နှင့်ပတ်သက်၍ အတူတူဆွေးနွေးဖလှယ်ခဲ့ကြသည်ဟု စီအာအိုင်သတင်းအရသိရသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟုန်လျန့်က နှစ်နိုင်ငံစက်မှုကုန်သွယ်ရေးလောက တွင် ပိုမိုများပြားသော ပူးပေါင်းမှု ဆောင်ရွက်ဖို့ ပလက်ဖေါင်းသစ်ဖြစ်သည့် မြန်မာ-တရုတ် ကုန်သွယ်ရေးအသင်းကို တည်ထောင်ရန် အကြံပြုခဲ့သည်ဟု သိရသည်။

မြန်မာနိုင်ငံသည် ၂၀၁၀ပြည့်နှစ်မှစ၍ တဖြည်းဖြည်း တံခါးဖွင့်လာပြီး တစ်ကမ္ဘာလုံး ရင်းနှီးမြှုပ်နှံသူများ၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ သို့သော်၊ ယခုတလော ပြည်ပကုန်သည်များ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံသော အရှိန် နှေးကွေးလာသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံရေးကော်မတီအတွင်းရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပထမဆုံး သော အကြောင်းရင်းမှာ ရခိုင်အရေးဖြစ်ကြောင်း၊ အနောက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု နှေးကွေး လာသော်လည်း တရုတ်နှင့်အခြားအရှေ့အာရှနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု များပြားနေဆဲဖြစ်ကြောင်း ပိုင်းခြားပြောဆိုခဲ့သည်။

ဦးအောင်နိုင်ဦးက ရှိရင်းစွဲချစ်ကြည်ရေးတည်တံနေသော မြန်မာ-တရုတ် နှစ်နိုင်ငံ စီးပွားကုန်သွယ်ရေးဆက်ဆံမှုသည် အနာဂတ်တွင် ပိုမိုကျယ်ပြန့်သော ဖွံ့ဖြိုးရေးအလားအလာ ရှိမည်ဟု ပြောကြားသည်။

လွန်ခဲ့သည့်နှစ်နိုဝင်ဘာလတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည် မြန်မာနိုင်ငံသို့ ခရီးလှည့်လည်ချိန်အတွင်း တရုတ်-မြန်မာစီးပွားရေးစင်္ကြန်ကို တည်ဆောက်ဖို့ အကြံပြုခဲ့ပြီး မြန်မာနိုင်ငံဘက်မှ တက်ကြွသော တုန့်ပြန်မှုလည်း ရရှိခဲ့သည်။

ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးဟုန်လျန့်က ပလက်ဖေါင်းသစ်ဖြစ်သည့် မြန်မာ-တရုတ်ကုန်သွယ်ရေးအသင်းကို တည်ထောင်ရန် အကြံပြုခဲ့သည်။

သံအမတ်ကြီးဟုန်လျန့်က ယင်းအသင်းသည် နှစ်နိုင်ငံအစိုးရနှင့် ကုမ္ပဏီများ၏ အရင်းအမြစ်ကို အသုံးပြုပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တည်ဆောက်ရေးအတွက် ဝန်ဆောင်မှုပလက်ဖေါင်းဖြစ်မည်ဖြစ်ကြောင်း ပြောကြားသည်။

   Webradio