• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်သည် အာဖဂန်နစ္စတန်၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီလိုသည်ဟု တရုတ်ဆို

(GMT+08:00) 2018-03-28 11:36:08
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး လီပေါင်တုန်းက တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံနှင့် ရင်းနှီးချစ်ကြည်သော အိမ်နီးချင်းနိုင်ငံဖြစ်ကာ စည်းလုံးညီညွှတ် ခြင်း၊ တည်ငြိမ်ခြင်း၊ ဖွံ့ ဖြိုးတိုးတက်ခြင်းတို့နှင့်အတူ အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ဆက်ဆံသည့် အာဖဂန်နစ္စတန်နိုင်ငံကို တွေ့လိုကြောင်း၊ တရုတ်နိုင်ငံသည် အာဖဂန်နစ္စတန်နှင့်အတူ နယ်ပယ်အသီးသီး၌ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု လက်တွဲတွန်းအားပေးကာ အာဖဂန်နစ္စတန်နိုင်ငံတ၀န်း၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အမြန်ဆုံးဖော်ဆောင်မှု အခြေအနေများ ကူညီဖန်တီးပေးကြောင်း ယခုလ ၂၇ရက်နေ့ က တာရှ်ခန်၌ ပြောကြားခဲ့ သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အာဖဂန်နစ္စတန်ပြဿနာ အဆင့်မြင့် အစည်းအဝေးကို ယခုလ ၂၇ ရက်နေ့ က ဥဇဘက်ကစ္စတန်နိုင်ငံမြို့ တော် တာရှ်ခန်၌ ကျင်းပခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio