• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်မှုအထစ်အငေါ့ကို ဖြေရှင်းရန် အမေရိကန်နိုင်ငံသည် လက်တွေ့ထိရောက်သောဆင်ခြင်ဉာဏ်ဖြင့် တရုတ်ပြည်နှင့် တူညီသောဦးတည်ချက်အတိုင်း ဆောင်ရွက်ရန် ဝန်ကြီးချုပ် လီခေ့ချန်မျှော်လင့်

(GMT+08:00) 2018-03-28 11:28:43

တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် ယခုလ၂၇ရက်နေ့က ပီကင်းမြို့၌ အမေရိကန်အထက်လွှတ်တော်အမတ် ဒိုင်နစ်ဦးဆောင်သော အမတ်ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးချုပ်လီခေ့ချန်က "ကုန်သွယ်မှုစစ်ပွဲ"အားဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း၊ တရုတ်ပြည်သည် စေ့စပ်ဆွေးနွေးပွဲနည်းလမ်းဖြင့် ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မည်ဖြစ်ပြီး တစ်ချိန်တည်းတွင်လည်း တုံ့ပြန်မှုအပြည့်အဝအဆင်သင့်ဖြစ်နေကြောင်း၊ အမေရိကန်နိုင်ငံသည် လက်တွေ့ထိရောက်သော ဆင်ခြင်ဉာဏ်ဖြင့် တရုတ်ပြည်နှင့်တူညီသော ဦးတည်ချက်အတိုင်း ကြိုးပမ်းအားထုတ်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။

အမတ် ဒိုင်နစ်အပါအဝင်အမေရိကန်အထက်လွှတ်တော်အမတ်တို့က အမေရိကန်လွှတ်တော်သည် တရုတ်-အမေရိကန်ဆက်ဆံမှုဖွံ့ဖြိုးရေးမှ နှစ်နိုင်ငံပြည်သူ လူထုများအား အဆက်မပြတ်အကျိုးဆောင်ကြဉ်းပေးရန်အတွက် အပြန်အလှန် အကျိုးရှိစေသော နည်းလမ်းများဖြင့် နှစ်နိုင်ငံကုန်သွယ်မှုအထစ်အငေါ့ကို ဖြေရှင်းရန် တွန်းအားပေးလိုကြောင်းထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။

   Webradio