• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပသမဂ္ဂ၁၄နိုင်ငံသည် ရုရှားသံတမန်အရာရှိအားနှင်ထုတ်ရန် ဥရောပကောင်စီဥက္ကဋ္ဌကြေညာ

(GMT+08:00) 2018-03-27 15:30:43

ဥရောပကောင်စီဥက္ကဋ္ဌ တူစ်က်သည် ယခုလ၂၆ရက်နေ့က ဥရောပသမဂ္ဂ-တူရကီထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ဘူလ်ဂေးရီးယားနိုင်ငံဗာနာလေဆိပ်သို့ရောက်ရှိခဲ့သည်။ မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားရာတွင် ၄င်းက ယခုလ၂၂ရက်နေ့က ဥရောပကောင်စီသည် ရုရှားသူလျှိုဟောင်းအဆိပ်သင့်မှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့ကြောင်း၊  ဥရောပကောင်စီသည် တညီတညွတ်တည်းတုံ့ပြန်ရန် ဆုံးဖြတ်ကြောင်း လက်ရှိအချိန်အထိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ၁၄နိုင်ငံသည် ရုရှားသံတမန်အရာရှိများကို နှင်ထုတ်ရန်ဆုံးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟုဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio