• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံသမ္မတ မတ်လ(၂၈)နေ့၌ရွေးချယ်တင်မြှောက်မည်

(GMT+08:00) 2018-03-27 13:22:51

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရဲ့လစ်လပ်နေသည့် သမ္မတရာထူးအတွက် သမ္မတရွေးကောက်ပွဲကို မတ်လ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော်၌ ရွေးချယ်တင်မြှောက်သွားမည်ဟုသိရပြီး သမ္မတရွေးကောက်တင်မြှောက်မည့်နေ့ရက်ကို မတ်လ(၂၆)ရက်နေ့ကကျင်းပသည့် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန်အစည်းအဝေး တွင် ပြည်ထောင်စုလွှတ်တော်နာယက ကကြေညာခဲ့ခြင်းဖြစ်ပါသည်။ 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ကျန်းမာရေးအခြေအနေကြောင့် သမ္မတတာဝန်မှ ပြီးခဲ့တဲ့မတ်လ(၂၁)နေ့က နှုတ်ထွက်ခဲ့တာကြောင့် လက်ရှိသမ္မတတာဝန် ကို ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေက ယာယီထမ်းဆောင်နေရခြင်းဖြစ်ပါသည်။ 

မြန်မာနိုင်ငံ ဖွံ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၃ ပုဒ်မခွဲ(ဃ)၊ နိုင်ငံတော်သမ္မတ နှင့်ဒုတိယသမ္မတများရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေ ၄၇ နည်းဥပဒေခွဲ(ခ) အရ ပြည်ထောင်စုလွတ်တော်ကိုယ်စားလှယ်အားလုံးပါဝင်သည့် နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ဒုတိယသမ္မတ(၃)ဦးအနက်မှ မိမိတို့ ဆန္ဒရှိသည့် ဒုတိယ သမ္မတတစ်ဦးအား မဲပေးရွေးချယ်ကြမှာဖြစ်ပါတယ်။ မဲအနည်းအများအလိုက် နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတ(၁)၊(၂)တို့ကို ရွေးချယ်တင်မြှောက်သွားမည်ဖြစ်ကြောင်း မတ်(၂၆) နေ့က ထုတ်ပြန်တဲ့ ပြည်ထောင်စုလွှတ်တော်သတင်းအရ သိရပါသည်။

   Webradio