• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ မိတ်ဆက်ပွဲ မလေးရှား၌ ကျင်းပ

(GMT+08:00) 2018-03-27 10:38:22

      တရုတ်နိုင်ငံတကာကုန်သွယ်မှုစင်တာ၊ မလေးရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မလေးရှားနိုင်ငံတကာကုန်သွယ်မှုဖွံ့ဖြိုးရေး ဦးစီးဌာနတို့သည်၊ ယခုလ ၂၆ ရက်နေ့က ကွာလာလန်ပူမြို့တော်၌ တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲနှင့် တရုတ်သွင်းကုန်ပို့ကုန်ပြပွဲ ရေးရာ မိတ်ဆက်ပွဲကို ပူးတွဲကျင်းပခဲ့ရာ၊ မလေးရှားလုပ်ငန်းကုမ္ပဏီ ၂၀၀ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြ သည်။

ပထမအကြိမ်တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲကို ယခုနှစ် နိုဝင်ဘာလတွင် ရှန်ဟိုင်းမြို့ ၌ကျင်းပမည်ဖြစ်ပြီး၊ ၂၀၁၈ခုနှစ် တရုတ်သွင်းကုန်ပို့ကုန်ပြပွဲကိုလည်း လာမည့် ဧပြီလ ၁၅ ရက်နေ့တွင် ကွမ်ကျိုးမြို့၌ ဖွင့်လှစ်သွားမည်ဟု သတင်းအရသိရသည်။

 

   Webradio