• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲ မတ်လ ၂၈ ရက်နေ့တွင် ကျင်းပမည်

(GMT+08:00) 2018-03-27 10:37:51

     ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော် သမ္မတ ရွေးချယ် တင်မြှောက်ပွဲကို မတ်လ ၂၈ ရက်နေ့တွင် ကျင်းပသွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးမန်းဝင်းခိုင်သန်းက ယခုလ ၂၆ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း ပြည်ထောင်စုလွှတ်တော် သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့က ထိုနေ့က အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတ မဲပေးရွေးချယ်မှုကို မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်အမတ် အားလုံး ပါဝင်သည့် နိုင်ငံတော် သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့အနေနှင့်၊  ဒု သမ္မတ ၃ ဦး အနက်မှ  နိုင်ငံတော် သမ္မတကို ရွေးချယ် တင်မြှောက်သွားမည်ဖြစ်ကြောင်း  ဦးမန်းဝင်းခိုင်သန်း က ပြောကြားခဲ့သည်ဟု သတင်း အရ သိရသည်။

   Webradio