• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည်၊ ကုန်သွယ်ရေးတိုက်ပွဲ၌ ရှုံးနိမ့်မှာ သေချာကြောင်း အင်ဒိုပညာရှင်ဆို

(GMT+08:00) 2018-03-26 14:42:27

      အမေရိကန်နိုင်ငံသမ္မတ ထရန့်သည်၊ ယခုလ ၂၂ ရက်နေ့က စာချွန်လွှာကို လက်မှတ်ရေးထိုးပြီး တရုတ်ကုန်ပစ္စည်းများအပေါ် အတိုင်းအတာကြီးမားစွာဖြင့် အခွန်ကောက်ယူမည့်အပြင်၊ တရုတ်ကုမ္ပဏီတို့၏ အမေရိကန်၌ ရင်းနှီးမြှုပ်နှံမှုများ အပေါ် ကန့်သတ်ချုပ်ချယ်သွားမည်ဟု ကြေညာခဲ့သည်။ ယင်းနှင့် စပ်လျဉ်း၍ အင်ဒိုနီးရှား နာမည်ကျော် ပညာရှင်၊ Koran Baru Indonesia သတင်းစာနှင့် Bali Feng cai သတင်းစာ မှ အယ်ဒီတာချုပ် Bambang Suryono က၊ စီအာအိုင်သတင်းထောက်နှင့် တွေ့ဆုံခဲ့ရာ၌၊ ယင်းမှာ အမေရိကန်၏ ကြာမြင့်သော ကြံရွယ်ချက်ဖြစ်ကြောင်း၊ အမေရိကန်အနေနှင့်၊ ကုန်သွယ်ရေးတိုက်ပွဲ လှုံ့ဆော်ပါက၊ ရှုံးနိမ့်သွားမှာ သေချာကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

Bambang Suryono က၊ တရုတ်-အမေရိကန် ကုန်သွယ်ရေးတိုက်ပွဲဖြစ်ပွားပါက၊ အချိန်ကြာမြင့်မည်မဟုတ်ဘဲ၊ ကုန်သွယ်မှုဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒသည်၊ ကမ္ဘာကြီး ပိုမိုကောင်းမွန် စွာ ဖွံ့ဖြိုးရေးကို တားဆီးနိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည် ဟု သတင်းအရသိရ သည်။

   Webradio