• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရုရှား ကေမေရိုဗိုရှိ စူပါမားကက်တွင် မီးလောင်မှုကြောင့် လူ၃၇ဦးသေဆုံး

(GMT+08:00) 2018-03-26 14:38:37

ရုရှား အနောက်စီဘေရိန် တောင်ပိုင်းကေမေရိုဗိုမြို့ရှိ စူပါမားကက်တစ်ခုတွင် မတ်လ ၂၅ရက်နေ့က မီးလောင်မှုကြီးဖြစ်ပွားခဲ့သောကြောင့် လူ ၃၇ဦး သေဆုံးခဲ့ကြောင်း၊ ဆင်ဟွာ သတင်းအရ သိရပါသည်။

ထို့ပြင် အဆိုပါမီးလောင်မှုကြီးကြောင့် လူ၄၃ဦးဒဏ်ရာရရှိပြီး ၇၀ခန့် ပျောက်ဆုံးနေကြောင်း၊ ရုရှား ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ကော်မတီ၏သတင်းအရ သိရပါသည်။

ယခုအကြိမ်မီးလောင်မှုဖြစ်စေသော အကြောင်းရင်းကို မသိရသေးကြောင်း၊ ရုရှား သက်ဆိုင်ရာဌာနများက စတင်စုံစမ်းစစ်ဆေးနေကြောင်း၊ သတင်းရရှိပါသည်။

   Webradio