• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဖဂန်နစ္စတန် လာမည့် ၂ နှစ်အတွင်း စာသင်ကျောင်း ၆၀၀၀ တည်ဆောက်မည်

(GMT+08:00) 2018-03-26 11:10:48
အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ ကာနီက နိုင်ငံ၏ပညာရေး တိုးမြှင့်ရန်အတွက် စာသင်ကျောင်း အရင်းအမြစ်လိုအပ်သည်ဖြစ်၍ အစိုးရသည် လာမည့် ၂ နှစ်အတွင်း သီးသန့် ထောက်ပံ့ငွေကိုသုံးစွဲကာ နေရာအသီးသီး၌ စာသင်ကျောင်း ၆၀၀၀ ကို တည်ဆောက်မည်ဖြစ်ကြောင်း ယခုလ ၂၄ ရက်နေ့ က ကာဘူး၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

သမ္မတ ကာနီက အစိုးရအနေဖြင့် အနာဂတ်တွင် ကျောင်းဆရာဦးရေ ၁ သောင်း ၈ ထောင် တိုးမြှင့်ခြင်း အထူးသဖြင့် ဒေသပညာရေးဌာနများတွင် အမျိုးသမီးများ၏ လုပ်ခွင်ရာခိုင်နှုန်း တိုးမြင့်ခြင်းများ စီစဉ်ထားမည်ဟု ပြောကြားခဲ့သည်။

   Webradio