• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်မှ ကုန်သွယ်ရေး ကန့်သတ်မှု ဆောင်ရွက်ချက်များ အပေါ် တရုတ်ပြည် အဆင်သင့် ဖြစ်နေပြီဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနဆို

(GMT+08:00) 2018-03-24 11:31:52

    အမေရိကန် သမ္မတ ထရန့်သည် ယခုလ ၂၂ရက်နေ့က စာချွန်လွှာကို လက်မှတ်ရေးထိုးပြီး တရုတ် ကုန်ပစ္စည်းများ အပေါ် အတိုင်းအတာ ကြီးမားစွာဖြင့် အခွန်တော် ကောက်ယူပြီး အမေရိကန်တွင် တရုတ် ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုများ အပေါ် ကန့်သတ်ရေး ဆောင်ရွက်ချက်များ ကျင့်သုံးသည်ဟု ကြေညာကြောင်း၊ ယင်းနှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွင်းယင်က တရုတ်ပြည် အနေနှင့် အပြည့်အဝဖြင့် အဆင်သင့် ဖြစ်နေပြီ ဖြစ်ပြီး မိမိနိုင်ငံ၏ တရားဝင် အကျိုးစီးပွားကို ခိုင်မာပြတ်သားစွာ ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ယခုလ ၂၃ရက်နေ့က ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

   Webradio