• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်သူ့လွှတ်တော်အစုအဖွဲ့အတွက် ဒုတိယသမ္မတရွေးချယ်

(GMT+08:00) 2018-03-23 17:21:03

မတ်လ(၂၃)ရက်ဒီကနေ့မှာကျင်းပသည့် မြန်မာနိုင်ငံ ဒုတိယအကြိမ်ပြည်သူ့ လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး(၃၂)ရက်မြောက်နေ့အစည်းအဝေးတွင် ပြည်သူ့ လွှတ်တော်အစုအဖွဲ့အတွက် ဒုတိယသမ္မတရွေးချယ်ခြင်းကို ပြုလုပ်ခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်အစုအဖွဲ့အတွက် ဒုတိယသမ္မတလောင်းများအဖြစ် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူလွတ်တော်ဥက္ကဌဟောင်းဦးဝင်းမြင့်နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှဦးသောင်းအေးတို့က အမည်စာရင်းပေးရွေးချယ်ခံခဲ့ကြပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များက ဆန္ဒမဲပေးရွေးချယ်ခဲ့ကြရာ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်မှဦးဝင်းမြင့်က ထောက်ခံမဲဆန္ဒပေါင်း(၂၇၃)မဲနှင့်အနိုင်ရရှိပြီး ပြည်သူ့လွှတ်တော် အစုအဖွဲ့၏ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။

ပြည်သူ့လွှတ်တော်အစုအဖွဲ့၏ ဒုတိယသမ္မတမှ သမ္မတအဖြစ်ရွေးချယ်တင်

မြှောက်ခြင်းခံခဲ့ရသည့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပြီးခဲ့တဲ့ မတ်(၂၁)ရက်နေ့က သမ္မတရာထူးကနေ နှုတ်ထွက်သွားတဲ့အတွက် သမ္မတရာထူးကို ပြန်လည်ရွေးချယ်နိုင်ရန်  အခုလိုပြည်သူ့လွှတ်တော်အစုအဖွဲ့မှ ဒုတိယသမ္မတတစ်ဦး ပြန်လည်ရွေးကောက်တင် မြောက်ရခြင်းဖြစ်ပြီး မကြာခင်ရက်အတွင်းမှာ ဒုတိယသမ္မတ(၃)ဦးထဲမှ နိုင်ငံတော်သမ္မတ ကို ပြည်ထောင်စုလွတ်တော်တွင် ရွေးချယ်တင်မြှောက်သွားမှာဖြစ်တယ်လို့သိရပါတယ်။ 

   Webradio