• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်သွင်းကုန်များစွာအပေါ် အခွန်ကောက်ခံရန်အမှာစာတမ်းကို ထရန့်ချုပ်ဆို

(GMT+08:00) 2018-03-23 17:02:54

အမေရိကန်သမ္မတထရန့်သည် ယခုလ၂၂ရက်နေ့က သမ္မတအမှာစာတမ်းတစ်ရပ်ကို ချုပ်ဆိုခဲ့ရာ၊ "၃၀၁စုံစမ်းစစ်ဆေးမှု"ရလဒ်အရ တရုတ်ပြည်မှ တင်သွင်းသော ကုန်ပစ္စည်းများစွာအပေါ် အကြီးအကျယ်အခွန်ကောက်ခံပြီး တရုတ်လုပ်ငန်း ကုမ္ပဏီများသည် အမေရိကန်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို ကန့်သတ်မည်ဖြစ်ကြောင်း၊ ယခုအကြိမ်အခွန်ကောက်ခံမည့် တရုတ်တွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ၆၀ခန့်ရှိမည်ဖြစ်ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။

 မကြာခင်က တရုတ်ကုန်သွယ်ရေးဝန်ကြီးဌါနက တရုတ်ပြည်သည် တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ထိခိုက်မှုခံရခြင်းကို ထိုင်ကြည့် သည်းခံမည်မဟုတ်ဘဲ မိမိ၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားကို ပြတ်ပြတ်သားသားကာကွယ်ရန် လိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်ပါမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio