• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်သည် ကုန်သွယ်မှု စစ်ပွဲ လှုံ့ဆော်ခြင်းသည် ကိုယ်ကိုယ်တိုင်နှင့် တပါးသူများအား ထိခိုက်မည်ဟု အကဲခတ်များ ဆို

(GMT+08:00) 2018-03-23 09:52:02

ယခုလောလောဆယ်တွင် အမေရိကန်သည် တရုတ်ပြည်အား အဓိက ရည်စူးသော ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး မူဝါဒကို အကြိမ်ကြိမ် ကျင့်သုံးခဲ့ကြောင်း၊ ကျွမ်းကျင်ပညာရှင်များက၊ အမေရိကန်သည် ကုန်သွယ်မှု စစ်ပွဲ လှုံ့ဆော်ခြင်းသည် ကိုယ်ကိုယ်တိုင်နှင့် တပါးသူများအား ထိခိုက်မည်ဟု ယူဆကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထရန့်အစိုးရသည် လွန်ခဲ့သည့်နှစ် သြဂုတ်လက တရုတ်ပြည်အား ရည်စူးသော "၃၀၁ စုံစမ်းစစ်ဆေးမှု"ကို ပြုလုပ်ခဲ့သည်။ နိုင်ငံခြား စီးပွါးကုန်သွယ်ရေး တက္ကသိုလ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ သုတေသန ကောလိပ် ကျောင်းအုပ်ကြီး ထူရှင်ချွမ်က၊ အမေရိကန်၏ လုပ်ရပ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများကို ပြင်းထန်စွာ ဖောက်ဖျက်သည့်အပြင် တဖက်သတ် စီးပွါးကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး လုပ်ရပ်လည်း ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio