• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်၏ တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးဝါဒကို တရုတ် ကန့်ကွက်

(GMT+08:00) 2018-03-23 09:48:59

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ အမေရိကန်၏ တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး ဝါဒကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ မိမိတို့၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွါးများ ထိခိုက်မှု ခံရခြင်းကို ကြည့်ရုံဘဲ နေမည် မဟုတ်ဘဲ တရားဝင် အကျိုးစီးပွါးနှင့် အခွင့်အရေးများကို ပြတ်ပြတ်သားသား ထိန်းသိမ်းမည် ဖြစ်ကြောင်း၊ အမေရိကန်အနေနှင့် ကိုယ်ကိုယ်တိုင်နှင့် တပါးသူများအား ထိခိုက်သောလုပ်ရပ်ကို မပြုလုပ်ရန် မျှော်လင့်ကြောင်း ယခုလ ၂၂ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio