• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမ အကြိမ် ဒီဂျစ်တယ်တရုတ်ပြည် တည်ဆောက်ရေး ထိပ်သီးအစည်းအဝေး လာမည့်လတွင် ကျင်းပမည်

(GMT+08:00) 2018-03-22 15:49:48

ပထမ အကြိမ် ဒီဂျစ်တယ်တရုတ်ပြည် တည်ဆောက်ရေး ထိပ်သီး အစည်းအဝေးကို ယခုနှစ် ဧပြီလတွင် တရုတ်ပြည် ဖူကျိုးမြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်ပြည် ဒီဂျစ်တယ် လုပ်ငန်းဆိုင်ရာ နောက်ဆုံးရ အောင်ကျိုးရလဒ်များကို တင်ဆက်ပြသမည် ဖြစ်ကြောင်း ယခုလ ၂၂ ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲမှ သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်သည် သတင်းအချက်အလက် နည်းပညာဖြင့် ခေတ်မီရေးကို တွန်းအားပေးပြီး ဒီဂျစ်တယ်တရုတ်ပြည် တည်ထောင်ရေးကို တွန်းအား ပေးခြင်း ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio