• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းသည် ဥပဒေနှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေး အတွက် အကျိုးပြုမည်

(GMT+08:00) 2018-03-15 09:27:54

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်နှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များက၊ မကြာမီက မဲအပြတ်အသတ်ဖြင့် အတည်ပြုခဲ့သော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်းသည် တရုတ်ပြည် လက်တွေ့အခြေအနေနှင့် ပြည်သူ့ဆန္ဒနှင့် ကိုက်ညီကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ ဥပဒေနှင့်အညီ နိုင်ငံတော် စီမံအုပ်ချုပ်ရေး၊ အဂတိလိုက်စားမှု တွန်းအားပေး ဆောင်ရွက်ရေး အတွက် နက်ရှိုင်းသော အဓိပ္ပါယ် ပါရှိကြောင်း စီအာအိုင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့ကြပါသည်။

ကော်မတီဝင် ဖြစ်သူ၊ ပီကင်း ကျင်းချင်ထုံဒါ ရှေ့နေဌာန  တာဝန်ရှိပုဂ္ဂိုလ် လျူဟုန်ယူက၊ လွန်ခဲ့သည့် ၁၄ နှစ်အတွင်း တရုတ်ပြည်၏ နိုင်ငံတော် အခြေအနေ၊ လူမှုရေး အခြေအနေနှင့် ပြည်သူလူထု အခြေအနေများ အားလုံး ကြီးမားသော ပြောင်းလဲမှု ဖြစ်ပွါးခဲ့ပြီ ဖြစ်သဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းသည် သင့်တော်ပါကြောင်း ပြောကြားပါသည်။

ကော်မတီဝင်၊ ဟောင်ကောင် ရှေ့နေများအသင်း ဥက္ကဋ္ဌ စူရှောက်ချုံးက၊ ကြီးကြပ်ရေး ကော်မတီ ထူထောင်ပြီး လုပ်ငန်းတာဝန်ဆိုင်ရာ ပြစ်မှုကျူးလွန်မှုများကို သီးသန့် စုံစမ်း စစ်ဆေး အရေးယူမည်ဟု သတ်မှတ်ခြင်းမှာ သက်ဆိုင်ရာ အာဏာကျင့်သုံးခြင်း အပေါ် ကန့်သတ်မှုထားမည် ဖြစ်ကြောင်း၊ ယင်းသည် ခေတ်နှင့်တပြေးညီဖြစ်သည့် စီမံချက်ပင် ဖြစ်ကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio