• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အနာဂတ်တွင် Belt and Road တည်ဆောက်ရေးကို တရုတ်-စင်ကာပူ နှစ်နိုင်ငံ အဓိကထား အာရုံးစိုက်မည်

(GMT+08:00) 2018-03-13 16:14:17

        တရုတ်နိုင်ငံဆိုင်ရာ စင်ကာပူသံအပတ်ကြီး လိုကျားလျန်က Belt and Road အဆိုပြုချက်သည် တရုတ်နှင့် အိမ်နီးချင်းနိုင်ငံများအတွက် အခွင့်ကောင်းများ ဖန်းတီးပေးပြီး အနာဂတ်တွင် Belt and Road တည်ဆောက်ရေးကို တရုတ်-စင်ကာပူ နှစ်နိုင်ငံတို့သည် အဓိကထား အာရုံးစိုက်မည်ဖြစ်ကြောင်း တရုတ်မီဒီယာအား ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        လိုကျားလျန်က တရုတ်ပြည် နေ့စဉ်ကျင်းပလျက်ရှိသော NPC နှင့် CPPCC အစည်းအဝေးတို့ကို စင်ကာပူပြည်ဘက်က အလွန် အလေးထားကြောင်း၊ ယခုနှစ်တွင် မိမိသည် NPC နှင့် CPPCC အစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဝန်ကြီးချုပ် လီခေ့ချန် တင်ပြခဲ့သော အစိုးရလုပ်ငန်း အစီရင်ခံစာကို ကြားနာခဲ့ကြောင်း ပြောကြားသည်။

   Webradio