• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် တောင်ကိုးရီးယား သမ္မတ၏ အထူးသံတမန်နှင့် တွေ့ဆုံ

(GMT+08:00) 2018-03-13 09:06:40

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၂ ရက်နေ့က ပီကင်း၌ တောင်ကိုးရီးယား သမ္မတ၏ အထူးသံတမန်၊ နိုင်ငံတော် လုံခြုံရေး အတိုင်ပင်ခံ ချွန်အေယုံနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ထိုသို့ တွေ့ဆုံရာတွင်၊ ရှီကျင့်ဖိန်က၊ ကိုးရီးယားကျွန်းဆွယ်ဆိုင်ရာ တောင်မြောက်ကိုးရီးယား ထိပ်သီး တွေ့ဆုံဆွေးနွေးပွဲနှင့် မြောက်ကိုးရီးယား-အမေရိကန် ဆွေးနွေးပွဲကို ချောမောစွာ ကျင်းပနိုင်ရန် တရုတ်နိုင်ငံက မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံသည် တောင်ကိုးရီးယား အပါအဝင် နိုင်ငံတကာ မိသားစုကြီးနှင့် အတူ ကိုးရီးယားကျွန်းဆွယ် ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖြစ်စဉ်ကို တွန်းအား ပေးလိုပါကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio