• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ၊ မြန်မာ တက္ကသိုလ်အဆင့် ချစ်ကြည်ရေးဘောလုံးပွဲ မြန်မာအသင်း ၉ ဂိုးပြတ်အနိုင်ရရှိ

(GMT+08:00) 2018-03-12 16:52:21

တရုတ်

နိုင်ငံ မြို့တော်ဘေကျင်း၊ ဘေကျင်းနည်းပညာအင်စတီကျူ့ ဘောလုံးကွင်းမှာ Beijing Institute of Technology အသင်းနဲ့ မြန်မာကျောင်းသားဘောလုံးအသင်း (Myanmar Students Football Club - MSFC) တို့ယှဉ်ပြိုင်ကစားကြရာ MSFC အသင်းက ၉ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။

 

MSFC အသင်းမှာ ၂၀၁၇ ခုနှစ်အတွင် တရုတ်နိုင်ငံရောက် မြန်မာပညာတော်သင်ကျောင်းသားများနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ပြီး ဘေကျင်းမြို့ရှိ တစ်ခုတည်းသောမြန်မာကျောင်းသားဘောလုံးအသင်းလည်း ဖြစ်ပါတယ်။

ဘောလုံးပွဲကိုလာရောက်ကြည့်ရှုသူပရိတ်သတ်တစ်ဦးဖြစ်သောဘေကျင်းရောက်မြန်မာတစ်ဦးဖြစ်သူ ကိုဇော်မင်းထွန်းက "MSFC အသင်းကို ဖွဲ့စည်းပြီးယှဉ်ပြိုင်ကြတော့ ဘေကျင်းကို ရောက်နေတဲ့ ကိုယ့်မြန်မာကျောင်းသားအချင်းချင်းရင်းနှီးချစ်ကြည်မှုရှိမယ်။ ဒါက ပထမပေါ့။ နောက်တစ်ခါကျတော့ ဒီလို ကိုယ့်မြန်မာကျောင်းသားတွေနဲ့ ဘောလုံး

အသင်းဖွဲ့ပြီး အခြားတက္ကသိုလ်တွေနဲ့ ချစ်ကြည်ရေးပွဲတွေကစားတဲ့ အခါမှာ တရုတ်ကျောင်းသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှုရရှိမယ်။ ဒါက ဒုတိယကောင်းတဲ့အချက်။ နောက်တစ်ခုက တရုတ်နိုင်ငံကနေပြီးမှ အရှေ့တောင်အာရှပညာတော်သင်ကျောင်းသားများဖလား ဆိုပြီး လုပ်ပေးတယ်လို့သိရတယ်။

အဲဒီပွဲမှာ ဘေကျင်းရောက်မြန်မာကျောင်းသားတွေအနေနဲ့ ဘောလုံးတစ်သင်းပါဝင်နိုင်မယ်ဆိုရင် ကိုယ့်မြန်မာနိုင်ငံအတွက်လည်း ဂုဏ်တက်စရာတစ်ခုပေါ့ "လို့ Opinion Leaders Media ကိုပြောကြားခဲ့ပါတယ်။

MSFC အသင်းမှာ Beijing Institute က မြန်မာကျောင်းသားအများစုပါဝင်ဖွဲ့စည်းထားပြီး လေကြောင်းနဲ့ အာကာသနည်းပညာတက္ကသိုလ် ၊ ချင်ဟွာ တက္ကသိုလ် စတဲ့ ကျောင်းမှ မြန်မာကျောင်းသားတွေ

လည်း ပါဝင်ကြတယ်လို့ သိရပါတယ်။

MSFC အသင်းအနေနဲ့ ကျောင်းပိတ်ရက်တွေမှာ အသင်းမှာပါဝင်တဲ့ ကျောင်းသားတွေရဲ့ တက္ကသိုလ်အသီးသီးအလိုက်လှည့်လည်ပြီး ပုံမှန်လေ့ကျင့်ခန်းဆင်းခြင်း ပြုလုပ်လျက်ရှိပြီး နိုင်ငံဂုဏ်ဆောင်နိုင်မယ့် တက္ကသိုလ်အားကစားအသင်းတစ်ခုဖြစ်စေဖို့ ရည်ရွယ်ကြိုးပမ်း

လျက်ရှိတယ်လို့ သိရပါတယ်။ ။

   Webradio