• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပထမ အကြိမ် အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2018-03-03 17:41:14

၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပထမ အကြိမ် အစည်းအဝေး ဖွင့်လှစ်
၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပထမ အကြိမ် အစည်းအဝေးကို ယခုလ ၃ ရက်နေ့ ညနေ ၃ နာရီတွင် ပီကင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဖွစ်လှစ်ခဲ့ကြောင်း၊ ရှီကျင့်ဖိန် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များသည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း၊ ယူကျင့်ရှင်းသည် ၁၂ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ အမြဲတမ်း ကော်မတီ ကိုယ်စား အစည်းအဝေးတွင် လုပ်ငန်း အစီရင်ခံစာကို တင်ပြခဲ့ကြောင်း၊ ယူကျင့်ရှင်းသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ လုပ်ငန်းများ၏ တိုးတက် အောင်မြင်မှုများကို ပေါင်းရုံးသပ်သပ်ပြီး လာမည့် ငါးနှစ်အတွင်း လုပ်ငန်းများဆိုင်ရာ အဆိုပြုချက်များကို တင်ပြထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio