• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှုကို စနစ်တကျ တွန်းအားပေးနေ

(GMT+08:00) 2018-02-28 10:27:56

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးနှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ နှစ်ပတ်လည် အစည်းအဝေးကို မကြာမီတွင် ကျင်းပမည်။ ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမ အကြိမ် အစည်းအဝေးတွင်၊ နိုင်ငံတော် ကြီးကြပ်ရေးစနစ် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးမည့် အစီအစဉ်များသည် ပြည်တွင်းပြည်ပ အာရုံစူးစိုက်ရာ ဖြစ်မှာ သေချာသည်။ ၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး တရုတ်ကွန်မြူနစ်ပါတီ လုပ်နည်းလုပ်ဟန်၊ ကေဒါခေါင်းဆောင် သန့်စင်ရေးနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပတ်သက်သော အထက်ပါ ပြုပြင် ပြောင်းလဲမှုလုပ်ငန်းကို စနစ်ကျ တွန်းအားပေး ဆောင်ရွက်ကာ အကျိုးသက်ရောက်မှုများမှာ လွန်စွာ ထင်ရှားပါသည်။ လက်ရှိအချိန်တွင် ညီညွတ်ပြီး သြဇာသက်ရောက်မှုရှိသော နိုင်ငံတော် ကြီးကြပ်ရေးစနစ်မှာ တဖြည်းဖြည်း ဖြစ်တည် လာနေပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio