• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှု အရည်အသွေးသည် ကမ္ဘာ့ရှေ့ပြေး နေရာ ဝင်ရောက်

(GMT+08:00) 2018-02-27 09:28:30

တရုတ် သိပံ္ပနည်းပညာ ဝန်ကြီးဌာန ဝန်ကြီး ဝမ့်ကမ်းက၊ တရုတ်နိုင်ငံသည် တစ်ကမ္ဘာလုံး၌ သြဇာညောင်းမှုရှိသည့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေး နိုင်ငံကြီး ဖြစ်လာပြီ ဖြစ်ကြောင်း၊ အနာဂတ်တွင် တရုတ်နိုင်ငံသည် မူရင်း ဆန်းသစ်စွမ်းအားကို တိုးမြှင့်ရန် နည်းလမ်းများ ကျင့်သုံးသွားမည် ဖြစ်ကြောင်း ယခုလ ၂၆ ရက်နေ့က ပီကင်း၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားပါသည်။

ဝမ့်ကမ်းက၊ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် သုတေသနနှင့် စမ်းသပ်ရေး ဖွံ့ဖြိုးမှု နယ်ပယ်တွင် အသုံးစရိတ်မှာ ယွမ် ၁၇၆ သန်းခန့် ရှိပြီး ၂၀၁၂ ခုနှစ်ကထက် ၇၀့ ၉ ရာခိုင်နှုန်း တိုးလာကြောင်း၊ တရုတ်ပြည်၏ နိုင်ငံတော် ဆန်းသစ်တီထွင်စွမ်းအားမှာ ၂၀၁၂ ခုနှစ်က ကမ္ဘာ့ အဆင့်နေရာ ၂၀ ရှိရာမှနေ၍ ယခု ၁၇ နေရာ အထိ မြင့်တက်လာကြောင်း ရှင်းလင်းပြောကြားပါသည်။

လက်ရှိအချိန်တွင် တရုတ်ပြည်၌ ဘယ်ထရီသုံးမော်တော်ကားနှင့် စွမ်းအင်သစ်သုံး မော်တော်ကား ရောင်းချမှုပမာဏနှင့် ပိုင်ဆိုင်မှု ပမာဏ နှစ်ခုစလုံးမှာ ကမ္ဘာ့ ထက်ဝက်ကျော် ရှိကြောင်း သတင်းရရှိပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio