• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂေဟစနစ် ထိန်းသိမ်းမှု အတွေးအခေါ် ထွန်းကားလာအောင် တရုတ် ဆောင်ရွက်နေ

(GMT+08:00) 2018-02-26 09:26:59

ယခုနှစ်များတွင် တရုတ်နိုင်ငံသည် မြစိမ်းရောင် ဖွံ့ဖြိုးရေး လမ်းကြောင်းကို စွဲကိုင်ပြီး ဂေဟစနစ် ထိန်းသိမ်းမှုကို အစွမ်းကုန် တွန်းအားပေး ဆောင်ရွက်နေပါသည်။

ယန်စီမြစ် ဂေဟစနစ် ပတ်ဝန်းကျင် တိုးတက် ကောင်းမွန်စေရန်အတွက် ယန်စီမြစ်ဝှမ်းရှိ လူကျိုးမြို့သည် နှစ်နှစ်ကျော်ကတည်းက ရေအရင်းအမြစ် ထိန်းသိမ်း ကာကွယ်ရေး ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ပါသည်။ လူကျိုးမြို့သည် ယွမ်ငွေ ၁၇ သန်းကျော်ကို ရှေ့ဆင့်နောက်ဆင့် ထုတ်ပေးပြီး ယန်စီမြစ်ကမ်းတလျှောက်မှ ရေဆိုးထုတ် နေရာများကို အရင်းအမြစ်မှနေ၍ ပြုပြင်ခဲ့ပါသည်။

တရုတ် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော အစီရင် ခံစာ အရ၊ ယခင်တုန်းက လေထုညစ်ညမ်းမှု အခြေအနေ ဆိုးရွားသော ပီကင်း၊ ထျန်ကျင်၊ ဟိုပေ ပြည်နယ်တို့တွင် ၂၀၁၇ ခုနှစ်တွင် PM ၂့ ၅ ပမာဏမှာ ၂၀၁၆ ခုနှစ်ကထက် ၉့ ၉ ရာခိုင်နှုန်း လျော့နည်းလာပြီး လေထု အရေအသွေးသည် လွန်ခဲ့သည့်နှစ်များအတွင်း အကောင်းဆုံး စံချိန် တင်နိုင်ခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် တရုတ်ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ပတ်ဝန်းကျင် ထိန်းသိမ်းရန် အတွက် ယွမ်ငွေ ဘီလီယံ ၅၀ ခန့် သီးသန့် ထုတ်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ (ဘာသာပြန် မေကြော့ရှင်း)

   Webradio