• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တုပ်ကွေးရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်၍ WHO အကြံပြုချက် တင်ပြ

(GMT+08:00) 2018-02-23 15:37:24

ယခုကာလတွင် မြောက်ကမ္ဘာခြမ်း၌ တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွါးနေသည့် ရာသီချိန် ဖြစ်ကြောင်း၊ မြောက်အမေရိကတွင် တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွါးနေခြင်း အပေါ် လူအများသည် စိုးရိမ်မကင်း ဖြစ်မိကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)သည် ၂၀၁၈-၂၀၁၉ခုနှစ် မြောက်ကမ္ဘာခြမ်း တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွါးသည့်ရာသီချိန်တွင် တုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး၌ ပေါင်းစပ်ပါဝင်သော အရာဝတ္ထုများ ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး အစည်းအဝေးကို ယခုလ ၂၂ရက်နေ့က ဂျီနီဗာမြို့တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ အစည်းအဝေးတွင် အနာဂတ် တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွါးချိန်တွင် တုပ်ကွေးရောဂါ ကာကွယ်ဆေးနှင့် ပတ်သက်၍ အကြံပြုချက်ကို တင်ပြခဲ့ကြောင်း၊ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က တုပ်ကွေးရောဂါ ကာကွယ်ဆေး၌ ပေါင်းစပ်ပါဝင်သော ဗိုင်းရပ်စ်ပိုး အရာဝတ္ထုများကို ပုံမှန်အချိန် သတ်မှတ်ပြီး ပြောင်းလဲစေရန် လိုအပ်ကြောင်း အလေးထား ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

   Webradio