• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာလားရှိုး လုံခြုံရေးဆိုင်ရာဆောင်ရွက်မှု အဆင့်တိုးမြှင့်

(GMT+08:00) 2018-02-23 14:53:21

ယခုလ၂၂ရက်နေ့က မြန်မာနိုင်ငံရှမ်းမြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရဲဘက်မှ ရရှိသည့် သတင်းအရ ၂၁ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးသည့်နောက် ရဲဘက်သည် တစ်မြို့လုံး၏ လုံခြုံရေးဆိုင်ရာဆောင်ရွက်မှု အဆင့်တိုးမြှင့်ပြီဖြစ်ကြောင်းသိရသည်။ မြန်မာစစ်ဘက်မှ ၂၁ရက်နေ့ ထုတ်ပြန်သည့်သတင်းအရ ယင်းဗုံးပေါက်ကွဲမှုသည် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ပြုလုပ်ခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ရဲဘက်သည် ၎င်းဗုံးပေါက်ကွဲမှု အပေါ် စုံစမ်းစစ်ဆေးနေကြောင်း၊ လက်ရှိအချိန် ဒဏ်ရာရရှိသူ ၆ဦးဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး အခြား ဒဏ်ရာရရှိသူများ ဆေးရုံဆင်းပြီဖြစ်ကြောင်း ၂၂ရက်နေ့က လားရှိုးရပ်ကွက်ရဲချုပ်က ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio