• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နိုင်ငံရေးနည်းလမ်းဖြင့် ဆီးရီးယားပြဿနာကို ပိုမိုလျင်မြန်စွာဖြေရှင်းရန် တရုတ် ပန်ကြား

(GMT+08:00) 2018-02-23 10:12:33

အမေရိကန်အရှေ့ပိုင်းဒေသစံတော်ချိန် ဖေဖေါ်ဝါရီလ ၂၂ရက်နေ့ နေ့လည်ပိုင်းက ရုရှားနိုင်ငံ၏တောင်းဆိုချက်အရ ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဆီးရီးယားပြဿနာ နှင့်ပတ်သက်၍ အရေးပေါ်အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ကြောင်း၊ စီအာအိုင်သတင်း အရ သိရပါသည်။

ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ရာတွင် ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး မစ္စတာ မာကျောရှုက ကုလသမဂ္ဂ၏ဖျန်ဖြေမှုဖြင့် ဆီရီးယားဘက်အသီးသီးတို့အနေနှင့် စေ့စပ်ဆွေးနွေးပွဲစသော နိုင်ငံရေးနည်းလမ်းများဖြင့် ဆီးရီးယားပြဿနာကို အမြန်ဆုံးဖြေရှင်းပြီး ဆီးရီးယား၏ လူမှုဘဝအခြေအနေ ဆိုးရွားမှုကို အရင်းခံကနေ လျော့ပေါ့စေခြင်းအား နိုင်ငံတကာမိသားစုကြီးက ထောက်ခံရန် ပန်ကြားခဲ့ပါသည်။

   Webradio