• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

(GMT+08:00) 2018-02-22 15:48:06

ဖိလစ်ပိုင်နိုင်ငံ စီးပွားရေးတိုးတက်မှုရုံး ဒါရိုက်တာချုပ် ဘယ်နီယာက ယခုလ ၂၁ရက်နေ့က ယခုနှစ်များတွင် ဖိလစ်ပိုင်-တရုတ် ကုန်သွယ်ရေးသည် အဆက်မပြတ် တိုးလာခဲ့ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏အကြီးဆုံး ကုန်သွယ်ဖက် ဖြစ်နေကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ဖိလစ်ပိုင်နှင့် တရုတ် အကြားရှိကုန်သွယ်ရေး ပမာဏသည် ယခုနှစ်များတွင် အဆက်မပြတ်တိုးလာကြောင်း၊ ၎င်းအနက် တရုတ်နိုင်ငံမှ ဖိလစ်ပိုင်နိုင်ငံသို့ ပို့ကုန် ပမာဏတိုးတက်မှုသည် အလွန်ထင်ရှားကြောင်း၊ ၂၀၁၀ခုနှစ်မှ ၂၀၁၇ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ ၂၀.၇ရာခိုင်နှုန်းဖြင့် တိုးလာခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်တွင် တရုတ်နိုင်ငံသည် ဂျပန်နိုင်ငံကို ကျော်လွန်ပြီး ဖိလစ်ပိုင်၏ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်လာကြောင်း ဘယ်နီယာက မာနီလာမြို့တွင် စီးပွားရေးဖိုရမ်တစ်ခု တက်ရောက်ရာတွင် ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio