• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆာဗီးယားနှင့်ကိုဆိုဗိုဆွေးနွေးပွဲတွင် အကယ်၍ အမေရိကန်ကြားဝင်စွက်ဖက်လျှင် ရုရှားလက်ပိုက်ကြည့်နေမည်မဟုတ်ဟုရုရှားနိုင်ငံခြားရေးဝန်ကြီးဆို

(GMT+08:00) 2018-02-22 15:40:32

ရုရှားနိုင်ငံခြားရေးဝန်ကြီးလာဗ်ရိုးဗ်က ဆာဗီးယားနှင့်ကိုဆိုဗို ဆွေးနွေးပွဲတွင် အကယ်၍ အမေရိကန်နိုင်ငံ ကြားဝင်စွက်ဖက်ခဲ့လို့ ဆာဗီးယားနိုင်ငံကတောင်းဆိုလျှင် ရုရှားအနေနှင့် လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း ယမန်နေ့ ၂၁ ရက်နေ့က ဆာဗီးယား၌ ခရီးလှည့်လည်ရာတွင် ပြောကြားကြောင်း စီအာအိုင်သတင်းအရသိရသည်။

ဆာဗီးယားသမ္မတဗူစီခ်က ဆာဗီးယားနှင့်ရုရှားတို့သည် သံတမန်အဆက်အသွယ် ထားရှိခဲ့ရသည်မှာ နှစ်ပေါင်း ၁၈၀ ရှိပြီး နှစ်နိုင်ငံသည် ချစ်ကြည်ရေးပျက်ပြားစေမည့်ကိစ္စရပ်များကို  တစ်ခါမှ မလုပ်ဖူးကြောင်း၊ ဆာဗီးယားအနေနှင့် ပိုင်နက်နယ်မြေတည်တံ့ပြည့်စုံမှုနှင့် အချုပ်အခြာအာဏာပိုင်မှု သီးခြားစွာ ရပ်တည်ရေးအပေါ် ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှု ကို ကျေးဇူးတင်ရှိကြောင်း သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟုသိရသည်။

   Webradio