• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံ မြောက်ပိုင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

(GMT+08:00) 2018-02-22 14:53:02

မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ယခုလ ၂၁ရက်နေ့ ညနေပိုင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၁ဦး ဒဏ်ရာရကာ အဆောက်အအုံများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၂၁ရက်နေ့ ညနေလေးနာရီခွဲခန့်တွင် လားရှိုးမြို့ ဒုတိယ ရပ်ကွက်ရှိ ရိုးမ ဘဏ်နှင့် AYAဘဏ်အကြား ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဘဏ်အဆောက်အအုံ နှစ်ခု၊ ဘဏ်မျက်နှာချင်းဆိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ရုံးခန်းအဆောက်အအုံနှင့် အနီးအနားရှိ မော်တော်ယာဉ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး အခြား ဒဏ်ရာရရှိသူများသည် လာရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း လားရှိုးရပ်ကွက်ရဲမှူးချုပ်ပြောကြားခဲ့သည်ဟု သိရပါသည်။

   Webradio