• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

နွေဦးပွဲတော်အပြီး အပြန်ခရီးသည်များပြား

(GMT+08:00) 2018-02-22 13:29:19

     ယမန်နေ့ ၂၁ ရက်နေ့သည် တရုတ်သက္ကရာဇ် နှစ်ဆန်း ၆ ရက်နေ့ဖြစ်ပြီး နွေဦးပွဲတော်ရုံးပိတ်ရက်များ၏ နောက်ဆုံးရက်လည်း ဖြစ်သည်။ တရုတ်ဒေသအရပ်ရပ်မှ အပြန် ခရီးသည်များပြားပြီး ရထားလမ်း၊ ကားလမ်း၊ လေကြောင်း သက်ဆိုင်ရာဌာနတို့သည် ခရီးသည်များပြားသော အခြေအနေကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေပြီဟု စီအာအိုင်သတင်းအရသိရသည်။

ယခုလ ၂၀ ရက်နေ့ ၊ တရုတ်သက္ကရာဇ်နှစ်ဆန်း ၅ ရက်နေ့မှစပြီး ရထားဖြင့် အပြန်ခရီးစီးသူများပြားလာသည်။ ထိုနေ့က တစ်ပြည်လုံး ရထားဖြင့် ပို့ဆောင်သော ခရီးသည်ဦးရေမှာ ၁၀၆ သိန်းရှိပြီး လွန်ခဲ့သည့်နှစ်အလားတူအချိန်ပိုင်းကထက် ၁၀ ရာခိုင်နှုန်း တိုးများကြောင်း၊ တစ်ပြည်လုံး ခရီးသည်တင်ရထားလည်း  ၉၁၄ စီး တိုးဖွင့်ထားကြောင်း သိရသည်။ ၂၁ ရက်နေ့တွင် အပြန်ခရီးသည် ဆက်တိုက်များပြားလာပြီး ဒေသအရပ်ရပ်မှ ရထားပို့ဆောင်ရေးဌာနသည် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ တရုတ်နိုင်ငံအလယ်ပိုင်း အန်ဟွေပြည်နယ် ဖုယန်ဘူထာရုံမှ သက်ဆိုင်ရာတာဝန်ရှိသူ ယွမ်ရှောင်ဝေက နွေဦးပွဲတော် အပြီး ခရီးသည်များပြားသော အခြေအနေကို ရင်ဆိုင်ရန် ဖုယန်ဘူထာရုံတွင် လက်မှတ်ယာယီရောင်းဝယ်ရေးခန်းမဆောင်နှင့် ယာယီမီးရထားစောင့်အခန်းကို တည်ဆောက်ထားကြောင်း၊ ဒါ့အပြင်၊ ခရီးသည်၏လိုအပ်ချက်များကို ဖြည့်ဆည်းရန် လက်မှတ်စစ်နေရာ ၁၆ ခု ကို ဖွင့်လှစ်ပြီး လုံခြုံမှုစစ်ဆေးရေးလမ်းကြောင်း ၈ ခု ဖွင့်လှစ်ထားကြောင်း ပြောကြားသည်။

   Webradio