• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပျုံချန်း-ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ပိတ်ပွဲအခမ်းအနားသို့ လျူယန်တုန်း တက်ရောက်မည်

(GMT+08:00) 2018-02-19 17:24:49

      တောင်ကိုးရီးယားနိုင်ငံ သမ္မတ မွန်ဂျယ်ယဉ်နှင့် နိုင်ငံတကာအိုလံပစ်ကော်မတီဥက္ကဋ္ဌ Thomas Bach တို့၏ ဖိတ်ကြားချက်အရ၊ တရုတ်နိုင်ငံတော်ကောင်စီ ဒု ဝန်ကြီးချပ် လျူယန်တုန်း သည်၊ တရုတ်နိုင်ငံတော် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အထူးကိုယ်စားလှယ်အဖြစ် တောင်ကိုးရီးယားသို့ သွားရောက်ပြီး၊ ယခုလ ၂၅ ရက်နေ့တွင် ပျုံချန်းမြို့၌ ကျင်းပသည့် ၂၃ ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကိန်စွမ်က ယခုလ ၁၉ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

   Webradio