• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သူများ ရိုးရာနှစ်သစ်ကူးပွဲတော်ကို နွှဲပျော်ကြ

(GMT+08:00) 2018-02-16 15:20:15

ဖေဖော်ဝါရီလ ၁၆ရက်နေ့သည် တရုတ် ရိုးရာနှစ်သစ်၏ ပထမရက် ဖြစ်သည်။ တရုတ်ပြည် အနယ်နယ် အရပ်ရပ်မှ ပြည်သူများသည် ပွဲဈေးတန်းသွားခြင်း၊ မီးထွန်းပွဲ ကြည့်ခြင်းနှင့် ခရီးသွားခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် ယခုနှစ် ရိုးရာ နှစ်သစ်ကူးပွဲကို နွှဲပျော်နေကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၁၆ရက်နေ့က ပီကင်းတွင် ပွဲဈေးတန်း၊ ဥယျာဉ်ပွဲ၊ အလှပြယာဉ်များ စီတန်း လှည့်လည်ပွဲနှင့် ဟောပြောပွဲ အပါအဝင် နွှဲပျော်ခြင်း လှုပ်ရှားမှု ၄၈၀ကို ကျင်းပကြောင်း၊ ပီကင်းမြို့ ယဉ်ကျေးမှု ဦးစီးဌာန ဒုညွှန်ချုပ် မစ္စက် ဖန်ဝေက ယခုနှစ် ပီကင်းတွင် ကျင်းပသည့် ပွဲဈေးတန်းများ၏ အဓိက ထူးခြားချက်မှာ ဆောင်းရာသီ အိုလံပစ် အားကစား ပွဲတော်၏ ဆောင်ပုဒ် ပါဝင်ခြင်း ဖြစ်ပြီး ပွဲဈေးတန်းများ သွားရောက်လည်ပတ်ကြည့်ရှု သူများသည် "ရေခဲနှင့် ဆီးနှင်း ယဉ်ကျေးမှု"ကို ထိတွေ့ခံစားမည်ဖြစ်ကြောင်း၊ ယခုနှစ် တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် ရုံးပိတ်ရက်များတွင် ပီကင်းမြို့ရှိ စာကြည့်တိုက်နှင့် ပန်းချီပြတိုက် အပါအဝင် အများပြည်သူ့ ယဉ်ကျေးမှုနေရာများသည် ပြည်သူများအား ပုံမှန်ဖွင့်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကျန်းစူးပြည်နယ် နန်ကင်းမြို့တွင် ချင်ဟွယ်-မီးထွန်းပွဲကို ကျင်းပလေ့ရှိကြောင်း၊ ယင်းမီးထွန်းပွဲသည် တရုတ်ပြည်တွင် ကျင်းပချိန် အရှည်ဆုံး၊ ပါဝင်သူ အများဆုံးနှင့် အတိုင်းအတာ အကြီးမားဆုံး ရိုးရာယဉ်ကျေးမှု မီးထွန်းပွဲများ အနက် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။

ထို့အပြင်၊ ဟိုနန်ပြည်နယ်၊ စန်းတုန်းပြည်နယ်၊ ကျန်းရှီးပြည်နယ်နှင့် အတွင်းမွန်ဂိုးလီး ယား ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများတွင် တရုတ် ရိုးရာ နှစ်သစ်ကူး နွှဲပျော်ခြင်း လှုပ်ရှားမှုများကိုလည်း ကျင်းပနေကြောင်း စီအာအိုင် သတင်းအရ သိရသည်။

   Webradio