• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို အဖွဲ့နှစ်ဖွဲ့လက်မှတ်ရေးထိုး

(GMT+08:00) 2018-02-14 13:40:12

မြန်မာပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုသစ် နောက်ထပ်တစ်ကြိမ်ရရှိပြီဖြစ်သည်။ ယမန်နေ့ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်၌ လက်မှတ်ရေးထိုးခဲ့ပြီး အခုဆိုရင် လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိပြီ ဖြစ်ကြောင်း၊ ယင်းသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရလက်ထက်တွင် ပထမဆုံးပြုလုပ်သည့် လက်မှတ်ရေးထိုးသည့်အခမ်းအနားဖြစ် ကြောင်းသိရသည်။

ယခုအကြိမ်လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့စလုံးသည် မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ်မှဖြစ်ပြီး မွန်ပြည်သစ်ပါတီ နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ဖြစ်သည်။

 မြန်မာနိုင်ငံတော်အတိုင်ပင်ခံ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်ချမ်းရေး စင်တာဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ၁၃ ရက်နေ့၌ တရားဝင်လက်မှတ်မထိုးခင် မိန့်ခွန်းပြောကြားရာတွင်  "လက်မှတ်ရေးထိုးတဲ့အဖွဲ့အရေအတွက် မများလှဘူးဆိုပေမယ့် ဒီကနေ့လက်မှတ် ရေးထိုးပွဲ အခမ်းအနားထမြောက်အောင်မြင်အောင် လျှောက်လှမ်းလာခဲ့ရတဲ့ခရီးကတော့ မလွယ်ကူလှပါဘူး။အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး အတွက် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုရဲ့ အုတ်မြစ်ကို အတူတကွ လက်တွဲပြီး စိုက်ထူကြဖို့ စိတ်ပိုင်းဖြတ်လိုက်တဲ့ခြေလှမ်းတစ်လှမ်း ဖြစ်ပါတယ်။ဒီလိုခြေလှမ်းတစ်လှမ်းကို ရဲရဲကြီးတက်လှမ်းနိုင်တဲ့မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုဂုဏ်ပြုပါကြောင်း ကျွန်မအနေနဲ့ အလေးအနက်ထားပြီးတော့ ပြောလိုပါတယ်။"

တရုတ်နိုင်ငံသည် မြန်မာပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို တက်ကြွစွာ တွန်းအားပေး သော အိမ်နီးချင်းကောင်းနိုင်ငံအနေနှင့်လည်း ယခုအကြိမ်ရရှိခဲ့သော တိုးတက်မှုကို အလွန် အာရုံစိုက်သည်။ယမန်နေ့ ၁၃ ရက်နေ့က နိုင်ငံတကာမိသားစုကြီးကိုယ်စားလှယ်အနေနှင့် နေပြည်တော်၌ လက်မှတ်ရေးထိုးပွဲအခမ်းအနားတွင် ပါဝင်သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးသံတမန် စွန်ကိုရှန်က တရုတ်နိုင်ငံအနေနှင့် မြန်မာနိုင်ငံအစိုးရသစ် ရရှိခဲ့သော ယင်းရလဒ်ကို အလွန်ဝမ်းသာစွာ မြင်လိုကြောင်းပြောကြားသည်။

   Webradio