• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်သည် အခြေခံ သိပ္ပံပညာ သုတေသနပြုမှုကို အားဖြည့်ဆောင်ရွက်မည်

(GMT+08:00) 2018-02-12 16:14:58

တရုတ် အစိုးရသည် အခြေခံ သိပ္ပံပညာ သုတေသနပြုမှု ဘက်စုံ အားဖြည့် ဆောင်ရွက်ရေးနှင့် ပတ်သက်သော စာတမ်းတစ်စောင်ကို မကြာခင်က ထုတ်ပြန်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

တရုတ် သိပ္ပံနည်းပညာ ဝန်ကြီးဌာန အခြေခံ သိပ္ပံပညာ သုတေသန ဦးစီးဌာန ညွှန်ချုပ် ယဲ့ယွိကျန်းက တရုတ်ပြည်သည် အခြေခံ သိပ္ပံပညာ သုတေသနပြုခြင်းတွင် အောင်မြင်မှု အသင့်အတင့် ရရှိခဲ့သော်လည်း ၄င်းနယ်ပယ်တွင် အားနည်းချက် များစွာ ရှိနေသေးကြောင်း၊ တရုတ်ပြည်သည် စနစ်ဆန်းသစ်တီထွင်မှု စသည့် ဆောင်ရွက်ချက် များဖြင့် အခြေခံ သိပ္ပံပညာ သုတေသနပြုမှုကို အားဖြည့်ဆောင်ရွက်ပြီး ၂၁ရာစုနှစ် အလယ်ပိုင်းတွင် တရုတ်ပြည်ကို ကမ္ဘာ့ အဓိက သိပ္ပံပညာ စင်တာနှင့် ဆန်းသစ်တီထွင်မှု ပြန့်ပွားများပြားသည့် နိုင်ငံ တစ်နိုင်ငံ ဖြစ်ရန် တည်ဆောက်မည် ဖြစ်ကြောင်း ပြောကြား သည်။

   Webradio