• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထရန့်နှင့် ယန်ကျယ်ချီ တွေ့ဆံနှုတ်ဆက် 

(GMT+08:00) 2018-02-10 16:07:45

ယခုလ ၉ရက်နေ့က အမေရိကန် သမ္မတ ထရန့်သည် အိမ်ဖြူတော်၌ အလည်အပတ် ရောက်ရှိနေသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီဝင် ယန်ကျယ်ချီနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်း အရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ယန်ကျယ်ချီက တရုတ်-အမေရိကန် ဆက်ဆံမှုသည် ကမ္ဘာ့ အပေါ် ကြီးမားသော သြဇာသက်ရောက်မှုရှိကြောင်း၊ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက် သောတရုတ်-အမေရိကန် ဆက်ဆံမှုသည် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံ အကျိုးစီးပွားနှင့် ကိုက်ညီသည့်အပြင်၊ နိုင်ငံတကာ မိသားစုကြီး၏ မျှော်လင့်ချက်လည်း ဖြစ်ကြောင်း ပြောကြားသည်။

ထရန့်က အမေရိကန်-တရုတ် ဆက်ဆံမှုသည် အလွန် အရေးကြီးကြောင်း၊ အမေရိကန် အနေနှင့် တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ပြီး နှစ်နိုင်ငံ ဆက်ဆံမှုတွင် ပိုမိုများပြားသော တိုးတက်မှုများ ရရှိရန် တွန်းအားပေးလိုကြောင်းလည်း ပြောကြားသည်။

   Webradio