• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အင်ဒို နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မတီ တတိယ အကြိမ် အစည်းအဝေး ကျင်းပ

(GMT+08:00) 2018-02-10 16:07:04

ယခုလ ၉ရက်နေ့က တရုတ်-အင်ဒိုနီးရှား အစိုးရချင်း နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး ပူးတွဲ ကော်မတီ တတိယ အကြိမ် အစည်းအဝေးကို ပီကင်းတွင် ကျင်းပခဲ့ကြောင်း၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိနှင့် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နိုတို့သည် ၄င်းအစည်းအဝေးကို ပူးတွဲ ကြီးမှူးကျင်းပခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နှစ်နိုင်ငံတို့၏ လက်တွဲ ကြိုးပမ်းဆောင်ရွက်မှုဖြင့် တရုတ်-အင်ဒိုနီးရှား ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှုသည် ဘက်ပေါင်းစုံမှ တိုးတက်မှု ရရှိခဲ့ကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံတို့သည် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ညီညွတ်စေရေးကို အရှိန်မြှင့် ဆောင်ရွက်ကာ ပိုပြီးလက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ရန် နှစ်ဖက်တို့က တညီတညွတ်တည်း ယူဆကြသည်။

 

   Webradio