• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2018-02-10 16:06:40

တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ယခုလ ၉ရက်နေ့ နံနက် ပိုင်းက ပီကင်းတွင် တရားဝင် အလည်အပတ် ရောက်ရှိလာသော အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နိုနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ထိုသို့ တွေ့ဆုံနှုတ်ဆက်ရာတွင် လီခေ့ချန်က တရုတ်နှင့် အင်ဒိုနီးရှား နှစ်နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံကြီး ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံလည်း ဖြစ်ကာ ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်း ကာကွယ်ရေး၊ အတူဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးခြင်းတွင် ကျယ်ပြန့်သော ဘုံအကျိုး စီးပွားလည်း ရှိကြောင်း ပြောကြားသည်။

ရက်နိုက အင်ဒိုနီးရှား-တရုတ် ဆက်ဆံမှုသည် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ပြီး ပူးပေါင်း ဆောင်ရွက်ရေး အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း ပြောကြားသည်။

   Webradio