• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၃ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော် ဖွင့်လှစ်

(GMT+08:00) 2018-02-10 16:05:16

ယခုလ ၉ရက်နေ့ညက ၂၃ကြိမ်မြောက် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်ကို တောင်ကိုးရီးယား နိုင်ငံ ပျုံချန်-အိုလံပစ် အားကစားကွင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နိုင်ငံနှင့် ဒေသ ၉၂ခုမှ အားကစားမောင်မယ် ၃ထောင်ခန့်သည် ယခုအကြိမ် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း၊ တရုတ် ကိုယ်စားလှယ်အဖွဲ့တွင် အားကစားမောင်မယ် ၈၂ဦးပါဝင်ကြောင်း၊ ဖွင့်ပွဲ အခမ်းအနားတွင် တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယား ကိုယ်စားလှယ်အဖွဲ့သည် ကိုးရီးယား ကျွန်းဆွယ် အလံတော်ကို ကိုင်ပြီး အားကစားကွင်း၌ ဝင်ရောက်ကြကြောင်း၊ နှစ်နိုင်ငံတို့သည် ပူးတွဲအသင်းဖွဲ့စည်းပြီး အမျိုးသမီး ရေခဲပြင် ဟော်ကီပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

   Webradio