• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံရှိ တရုတ်နွယ်ဖွားအား တရုတ်နှစ်သစ်ကူးနှုတ်ခွန်းဆက်သ

(GMT+08:00) 2018-02-09 13:54:21

တရုတ်ရိုးရာနွေဦးပွဲတော်ကျရောက်တော့မည့် အခါသမယတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ဂျပန်နိုင်ငံ၏ တရုတ်ဘာသာသတင်းစာမှတစ်ဆင့်  ဂျပန်နိုင်ငံတွင်နေထိုင်နေကြသော တရုတ်နွယ်ဖွားများအား တရုတ်ရိုးရာနွေဦးပွဲတော်အ​တွက်​ဆု​မွန်​ကောင်း​တောင် ​ပြီးယင်းနှုတ်ခွန်းဆက်မိန့်ခွန်းကို ယခုလ၈ရက်နေ့က သတင်းစာ၌ ထုတ်ပြန်ခဲ့ကြောင်းဆင်ဟွာသတင်းအရသိရပါသည်။

အဆိုပါနှုတ်ခွန်းဆက်စကားထဲတွင် ဝန်ကြီးချုပ်ရှင်ဇိုအာဘေးက ယခုနှစ်မှာ ဂျပန်-တရုတ်ငြိမ်းချမ်းရေးနှင့်ချစ်ကြည်ရေးစာချုပ်ကို ချုပ်ဆိုခဲ့သည့် နှစ်၄၀ပြည့် ဖြစ်ကြောင်း၊ ယခုနှစ်တွင် ဂျပန်-တရုတ်ဆက်ဆံမှု ကြီးမားစွာ ကောင်းမွန်လာမည်ကို နှစ်နိုင်ငံပြည်သူလူထုများက ခံစားမည်ဖြစ်ပြီး နှစ်နိုင်ငံထိပ်သီး ခေါင်းဆောင်များ အပြန်အလှန်ခရီးလှည့်လည်ခြင်းအားဖြင့် ဂျပန်-တရုတ်ဆက်ဆံမှုကို အခန်းကဏ္ဍသစ်သို့ တွန်းအားပေးရန် မျှော်လင့်ပါကြောင်း ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio