• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်သည် အာ​ဖ​ရိ​က အား​အကိုး​ရဆုံးသော မဟာဗျူဟာမိတ်ဖက်ဖြစ်လိုသည်ဟု ၀မ်ယိ ဆို

(GMT+08:00) 2018-02-09 12:54:56
တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ယိသည် ယခုလ ၈ရက်နေ့ က တရုတ်ပြည်၌ ခရီးလှည့်လည်နေသော အာဖရိက သမဂ္ဂကော်မတီ ဥက္ကဋ္ဌ ဖာကီနှင့် အတူ ၇ ကြိမ်မြောက် တရုတ်- အာဖရိက သမဂ္ဂ မဟာဗျူဟာ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီးနောက် ပူတွဲသတင်း စာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြောင်း ဆင်းဟွာသတင်းအရ သိရပါသည်။

ဝမ်ယိက မိမိတို့သည် အာဖရိကအရေးကြီးကိစ္စရပ်များ၊အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ဆင်းရဲမှုလျော့ချရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေးစသည့် အတူတကွ အလေးထားကြသောနိုင်ငံ တကာနှင့်ဒေသရေးရာ အကြောင်းကိစ္စများကို နက်ရှိုင်းစွာ ဆွေးနွေးကြကြောင်း၊ တရုတ်နှင့်အာဖရိက သမဂ္ဂတို့သည် နိုင်ငံတကာရေးရာ၌ ညီညွတ်စွာ ဆောင်ရွက်သင့်ပြီး တရုတ်အာဖရိကနှင့် ဖွံ့ ဖြိုးဆဲနိုင်ငံများ၏ အကျိုးစီးပွါးကို ထိန်သိမ်းကာကွယ်သင့်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

   Webradio