• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2018-02-09 12:25:08

အမေရိကန်၌ ခရီးလှည့်လည်နေသော တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည် ယခုလ ၈ ရက်နေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တစ်လစွန်နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

နှစ်ဦးနှစ်ဖက်တို့သည် လာမည့်နှစ် ပထမ နှစ်ဝက်ပိုင်းတွင် တရုတ်ပြည်၌ ဒုတိယ အကြိမ် တရုတ်-အမေရိကန် သံတမန်ရေး လုံခြုံမှု ဆွေးနွေးပွဲကို ပြုလုပ်ရန် ချမှတ် ထားကြောင်း သိရပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio