• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့် ဖိလစ်ပိုင် ပင်လယ် သိပံ္ပပညာရှင်များ ပူးတွဲ စူးစမ်းလေ့လာမှု ပြီးဆုံး

(GMT+08:00) 2018-02-09 09:41:57

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ်နှင့် ဖိလစ်ပိုင် သိပံ္ပပညာရှင်များသည် ဖိလစ်ပိုင် ကျွန်းစု အရှေ့ဘက် ပင်လယ်ဒေသ၌ ပူးတွဲ စူးစမ်း လေ့လာရေးလုပ်ငန်း ပြီးမြောက်ပြီ ဖြစ်ကြောင်း ယခုလ ၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် အတည်ပြု ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ကင်စွမ်က၊ ယခုအကြိမ် ပူးတွဲ စူးစမ်းလေ့လာသည့် ပင်လယ်ဒေသသည် ဖိလစ်ပိုင် အုပ်ချုပ်သော ပင်လယ်ဒေသ ဖြစ်ကြောင်း၊ သို့သော် စောစောကတည်းက မီဒီယာတို့ မှန်းဆသော Benham Rise  ဒေသ၌ တည်ရှိခြင်း မဟုတ်ကြောင်း၊ တရုတ်နိုင်ငံသည် ဖိလစ်ပိုင်၏ သက်ဆိုင်ရာ ပင်လယ်ဒေသ၌ အချုပ်အခြာအာဏာပိုင်ခွင့်နှင့် အုပ်ချုပ်ခွင့်ကို လေးစားပါကြောင်း ပြောကြားပါသည်။

ကင်စွမ်က၊ တရုတ် သိပံ္ပပညာတံခွန်အသင်းကြီး၏ သိပ္ပပညာ စူးစမ်းလေ့လာရေး သင်္ဘောတွင် ဖိလစ်ပိုင် သိပ္ပံပညာရှင် ၄ ဦးကိုလည်း တင်ဆောင်ပြီး ပူးတွဲ စူးစမ်း လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း၊ သက်ဆိုင်ရာ စူးစမ်းလေ့လာရေး ဒေတာများကို နှစ်နိုင်ငံမှ သက်ဆိုင်ရာ သိပ္ပနည်းပညာဌာနတို့ အတူ မျှဝေကြမည် ဖြစ်ကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio