• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ယိနှင့် အာဖရိကသမဂ္ဂ ကော်မတီ ဥက္ကဋ္ဌတို့ တရုတ်-အာဖရိက မဟာဗျူဟာ ဆွေးနွေးပွဲ ကျင်းပ

(GMT+08:00) 2018-02-09 09:35:38

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုလ ၈ ရက်နေ့က ပီကင်း၌ အာဖရိက သမဂ္ဂကော်မတီ ဥက္ကဋ္ဌ ဖာကီနှင့် အတူ ၇ ကြိမ်မြောက် တရုတ်- အာဖရိက သမဂ္ဂ မဟာဗျူဟာ ဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဆွေးနွေးပွဲတွင် ဝမ်ယိက၊ လွန်ခဲ့သည့် နှစ် ဆယ်ပေါင်းများစွာ အတွင်း၊ နိုင်ငံတကာ အခြေအနေ မည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နှင့် အာဖရိကတို့သည် တလျှောက်လုံး ဆိုသလို အပြန်အလှန် နားလည်ပြီး အပြန်အလှန် ယုံကြည်ကာ အပြန်အလှန် အားပေး ထောက်ခံပါကြောင်း ပြောကြားပါသည်။

ဖာကီကလည်း၊ အာဖရိကသမဂ္ဂနှင့် အာဖရိက နိုင်ငံများသည် တရုတ်ပြည်နှင့် ဆက်ဆံမှုကို အလေးထားပါကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio