• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မော်လဒိုက် သမ္မတဟောင်း၏ ပြောဆိုချက်ကို ကင်စွမ် ချေပ

(GMT+08:00) 2018-02-09 09:33:36

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ်နိုင်ငံသည် မော်လဒိုက် နယ်မြေကို လုယက်မှုတွင် ပါဝင်ခြင်း ဟူသော မော်လဒိုက် သမ္မတဟောင်း နာဟီဒ်၏ ပြောဆိုခြင်းသည် အထောက်အထား မရှိသော မဟုတ်မမှန် ပြောဆိုခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ မော်လဒိုက်အား ထောက်ပံ့ကူညီမှုတွင် မည်သည့် နိုင်ငံရေး ခြွင်းချက် ထားခြင်း မရှိကြောင်း၊ တရုတ်-မော်လဒိုက် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ တူညီသော အကျိုးစီးပွါးနှင့် ကိုက်ညီ ပါကြောင်း ယခုလ ၈ ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio