• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်ဒုသမ္မတသည် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာ ဘေးနှင့်တွေ့ဆုံ

(GMT+08:00) 2018-02-08 12:58:16
ဂျပန်နိုင်ငံတွင် ခရီးလှည့်လည်နေသော အမေရိကန်ဒု သမ္မတပန်စ်သည် ယခုလ ၇ရက်နေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံဆွေးနွေးပြီး နှစ်ဦးနှစ်ဖက်တို့သည် မဟာမိတ်ဖက်ဆက်ဆံမှုကို တွန်းအားပေးရန်နှင့် မြောက်ကိုးရီးယားနိုင်ငံအပေါ် ဆက်လက်ဖိအားပေးရန် သဘောတူညီမှုရရှိခဲ့ကြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့ဆွေးနွေးရာတွင် ရှင်ဇိုအာဘေးက ဒုသမ္မတ ပန်စ်၏ ယခုအကြိမ်ဂျပန် ခရီးစဉ်တွင် ဂျပန်-အမေရိကန်နှစ်နိုင်ငံအကြား နိုင်ငံခြားရေး၊ နိုင်ငံရေး၊ လုံခြုံရေးနှင့် ကာကွယ်ရေး၊ စီးပွားရေးစသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio