• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံသည် လုံခြုံမှု ရှိသော နိုင်ငံ ဖြစ်သည်ဟု အများတကာ ယူဆ

(GMT+08:00) 2018-02-08 10:19:16

တရုတ် နိုင်ငံသည် ကမ္ဘာပေါ်တွင် လုံခြုံမှု အရှိဆုံးသော နိုင်ငံများ အနက် တစ်ခု အပါအဝင် ဖြစ်သည်ဟု အများတကာက ယူဆနေကြပါသည်။ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် လူသတ်မှု ပမာဏ အနည်းဆုံးသော နိုင်ငံ နောက်ထပ် တစ်ကြိမ် ဖြစ်လာသည်။ ပြင်းထန်သော အကြမ်းဖက် ပြစ်မှုကျူးလွန်မှု ပမာဏမှာ ၂၀၁၂ ခုနှစ်ကထက် ၅၁့ ၈ ရာခိုင်နှုန်း လျော့နည်းလာပြီး ပြည်သူပြည်သားများက ရပ်ရွာ ငြိမ်ဝပ်ပိပြားမှု အပေါ် ကျေနပ်မှုနှုန်းသည်လည်း ၉၅့ ၅၅ ရာခိုင်နှုန်းအထိ တိုးလာပါသည်ဟု သတင်းရရှိပါသည်။

တရုတ် ပြည်သူ့လုံခြုံရေး တက္ကသိုလ် ပါမောက္ခ ဝမ်တာ့ဝေက၊ ပြည်သူလူထု၏ လုံခြုံမှုဆိုင်ရာ ခံစားချက်၊ ရဲများ၏ တာဝန်လုပ်ဆောင်မှုအပေါ် ကျေနပ်မှု ရှိမရှိ၊ ပြစ်မှု ကျူးလွန်မှုနှန်း ဖြစ်ပွါးမှုနှုန်းနှင့် အမှု ဖြိုခွင်းမှုနှုန်း စသည့်ဘက်များမှ အကဲခတ်ပါက တရုတ်ပြည် ရပ်ရွာ လုံခြုံမှု အညွှန်းကိန်းများသည် ကမ္ဘာ့ရှေ့ပြေးနေရာတွင် တည်ရှိ နေကြောင်း ပြောကြားပါသည်။(ဘာသာပြန် မေကြော့ရှင်း)

   Webradio